Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ပုသိမ်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုးခွဲ၊ လူ ၂၀ ကျော်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကျောက်တိုင်ထီးနားမှာ ဒီမိုကရေစီရရှိရေး ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြ ပြည်သူတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ ရေအမြာက်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့သလို သေနတ်ဒဏ်ရာရရှိပြီး မပြေးနိုင်တဲ့ ပြည်သူတွေနဲ့ ဆရာ၊ ဆရာမတွေ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြသူတွေက ၂ ဖွဲ့ခွဲပြီး လူအင်အား သိန်းနဲ့ချီကာ ဆန္ဒပြတာတွေ ပြုလုပ်နေချိန်မှာ ရဲတပ်ဖွဲ့က နောက်ဘက်က ဝင်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြတဲ့နေရာမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေကိုလည်း လိုက်လံ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို ဖုန်းသိမ်းယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ [ ]


Latest News
Hashtags:   

ပုသိမ်တွင်

 | 

ရဲတပ်ဖွဲ့က

 | 

အကြမ်းဖက်ဖြိုးခွဲ၊

 | 

ကျော်အဖမ်းခံရ

 | 

Sources