Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

သာကေတ၌ ရဲနှင့်စစ်တပ်အား သတင်းပေးခဲ့သည့် အမျိုးသမီး ၁ ဦးကို ရပ်ကွက်မှနှင်ထုတ်

ရန်ကုန်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မနက်က ဖြစ်ခဲ့တဲ့ သာကေတမြို့နယ် သပိတ်စစ်ကြောင်းအကြမ်းဖက် ဖြိုခွင်းခံရမှုဖြစ်စဉ်မှာ ရဲနဲ့ စစ်တပ်ကို သတင်းပေးခဲ့သူကို ရပ်ကွက်တွင်းက နှင်ထုတ်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့မနက် သာကေတမြို့နယ် သပိတ်စစ်ကြောင်းကို အင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခံရပြီး အဲဒီလို ဖြိုခွင်းနိုင်ဖို့အတွက် သပိတ်စစ်ကြောင်းတည်နေရာကို ရဲနဲ့စစ်တပ်အား သတင်းပေးခဲ့သူ အမျိုးသမီးတဦးကို ရပ်ကွက်တွင်းက နှင်ထုတ်ခဲ့တာပါ။ အဆိုပါအမျိုးသမီးဟာ သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက်မှာ အိမ်ငှားနေထိုင်သူဖြစ်ပြီး သပိတ်စစ်ကြောင်းတည်နေရာအား သတင်းပေးခဲ့တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက အတိအကျ ပြောဆိုပါတယ်။ အခုကိစ္စကြောင့် အိမ်ရှင် အပါအဝင် ရပ်ကွက်သူ ရပ်ကွက်သားတွေက အိမ်ကနေ နှင်ထုတ်ခဲ့တာဖြစ်ပြီး အိမ်ကို  ဝင်ရောက်ကြည့်ရှုချိန်မှာတော့ အဲဒီအမျိုးသမီး မရှိဘဲ ထွက်ပြေးတိမ်းရှောင်‌နေတယ်လို့ သိရပါတယ်။


Latest News
Hashtags:   

သာကေတ၌

 | 

ရဲနှင့်စစ်တပ်အား

 | 

သတင်းပေးခဲ့သည့်

 | 

အမျိုးသမီး

 | 

ဦးကို

 | 

ရပ်ကွက်မှနှင်ထုတ်

 | 

Sources