Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

တိုက်ကြီး၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့တွင် ပြည်သူသောင်းချီ ဆန္ဒပြ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီး၊ ဥက္ကံမြို့နဲ့ အဖျောက်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က လူဦးရေ သောင်းချီ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒဖော်ထုတ်ကြပါတယ်။ တိုက်ကြီးမြို့မှာ လူဦးရေ ၂ သောင်းကျော်၊ အဖျောက်မြို့မှာ လူဦးရေ ၁ သောင်းကျော်၊ ဥက္ကံမြို့က လူဦးရေ ၁ သောင်းကျော်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်ကြပါတယ်။ ဒီကနေ့မှာတော့ တိုက်ကြီးမှာ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် အသင့်အနေအထားနဲ့ စောင့်နေတာကို တွေ့ရပါတယ်။ တိုက်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီး စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ပွဲကို စတင်ဆန္ဒပြခဲ့ရာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆည်မြောင်း၊ သစ်တော၊ မြန်မာ့မီးရထား၊ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတချို့ ပါဝင်ခဲ့ပါတယ်။


Latest News
Hashtags:   

တိုက်ကြီး၊

 | 

ဥက္ကံမြို့နှင့်

 | 

အဖျောက်မြို့တို့တွင်

 | 

ပြည်သူသောင်းချီ

 | 

ဆန္ဒပြ

 | 

Sources