Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ပုသိမ်တွင် ရဲတပ်ဖွဲ့ အဖမ်းအဆီးကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ အဖမ်းအဆီးတွေ ရှိနေတဲ့အကြားက မတ် ၁ ရက်နေ့က စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဒေသခံပြည်သူတွေက ဆက်လက်ဆန္ဒပြနေပါတယ်။ ပုသိမ်မြို့မှာ စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး ဆန္ဒပြသူတွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့အကြမ်းဖက်ပစ်ခတ်ဖြိုခွဲပြီး သတင်းသမား ၁ ဦး အပါအဝင် ပြည်သူအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဆန္ဒပြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာစစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေက စုပေါင်းပြီး ဆက်လက် ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။ မတ် ၁ ရက်နေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုတဲ့ ဆုံရပ်မှာလည်း လက် ၃ ချောင်း ထောင်ပြမိလို့ ဖမ်းဆီးခံရသူ တချို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ ]


Latest News
Hashtags:   

ပုသိမ်တွင်

 | 

ရဲတပ်ဖွဲ့

 | 

အဖမ်းအဆီးကြားက

 | 

စစ်အာဏာရှင်ဆန့်ကျင်ရေး

 | 

ဆက်လက်ဆန္ဒပြ

 | 

Sources