Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မြစ်ကြီးနားတွင် ဖမ်းဆီးခံရသည့် သတင်းထောက် ၁ ဦးနှင့် အရပ်သား ၇၀ ကျော်ပြန်လွတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က ဖမ်းဆီးခံရတဲ့ ဆန္ဒပြ အရပ်သား ၇၂ ယောက်နဲ့ သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းထောက်တစ်ယောက်ကို မနေ့ည ၈ နာရီကျော်မှာ ရဲစခန်းက ပြန်လွှတ်ပေးလိုက်ပါတယ်။ မြစ်ကြီးနားခရိုင် ရဲမှူးတင်ဖေဝင်းက “ရိုးရိုးသားသားဆန္ဒပြတဲ့ ၇၂ ယောက်ကို ဒီနေ့ညမှာ ပြန်လွှတ်လိုက်တာပါ။ မသင်္ကာစရာ သက်သေခံပစ္စည်းတွေ (ဂျင်ဂလိ) တွေ့တဲ့သူတွေကိုတော့ အရေးယူသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ပြန်လွတ်လာတဲ့ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၃၆ ယောက်ကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးတာဖြစ်ပြီး ကျန် ၉ ယောက်ကိုတော့ အရေးယူခံရနိုင်တယ်လို့ ပြန်လွတ်လာဖို့ ကြိုးပမ်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုထံကနေ သိရပါတယ်။ မနေ့က ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သတင်းထောက်ကတော့ ကချင်ပြည်နယ် [ ]


Latest News
Hashtags:   

မြစ်ကြီးနားတွင်

 | 

ဖမ်းဆီးခံရသည့်

 | 

သတင်းထောက်

 | 

ဦးနှင့်

 | 

အရပ်သား

 | 

ကျော်ပြန်လွတ်

 | 

Sources