Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

စစ်တပ်က အင်အားသုံးဖြိုခွင်းမှုကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်မှုတွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုဆိုး ရွားပြင်းထန်လာနေတာကို ပြင်းထန်စွာရှုတ်ချကြောင်း၊ စစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းတာကို ချက်ချင်းရပ်တန့်ဖို့ တောင်း ဆိုကြောင်း ဖော်ပြထားတာပါ။ တနေ့လုံး၊ နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ်အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီးတော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း [ ]


Latest News
Hashtags:   

စစ်တပ်က

 | 

အင်အားသုံးဖြိုခွင်းမှုကို

 | 

ချက်ချင်းရပ်တန့်ရန်

 | 

ကုလသမဂ္ဂ

 | 

တောင်းဆို

 | 

Sources