Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

လားရှိုး နှစ်ခြင်းခရစ်ယာန်အသင်းခြံတံခါးကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ဓမ္မဆရာများကို ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခြံတံခါးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဖျက်ဆီးဝင်ရောက်ပြီး ခရစ်ယာန်ဓမ္မဆရာ ၄ ဦးနဲ့ သင်တန်းသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကနေ့ လားရှိုးမြို့က စစ်အာဏာသိမ်းဆန့်ကျင်နေတဲ့သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းသုံးကာ မျက်ရည်ယိုဗုံးနဲ့ သေနတ်တွေ ပစ်ဖောက်ဖြိုခွင်းခဲ့ပါတယ်။ ဒီနေ့ ဖမ်းဆီးခံရသူတွေဟာ ဓမ္မဆရာတွေဖြစ်တဲ့ KD နော်မိုင်၊ ခေါင်လွမ်၊ ဇော်ဒွဲအောင်၊ ဆိုင်ရာအောင် နဲ့ သင်တန်းသားတွေဖြစ်တဲ့ မောင်ဇေခေါင်၊ မောင်ဟောင်းခေါင်၊ မောင် ဒေါင်ဝ်ခေါင်၊ မောင်ဒေါင်ဝ်ဂျုံး၊ မောင်ခေါင်ဂျုံး၊ ဂွမ်ဆွတ်နန်တို့ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မနေ့ကလည်း လားရှိုးမြို့က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မျက်ရည်ယိုဗုံး၊ အသံဗုံး၊ သေနတ်တွေနဲ့ [ ]


Latest News
Hashtags:   

လားရှိုး

 | 

နှစ်ခြင်းခရစ်ယာန်အသင်းခြံတံခါးကို

 | 

စစ်ကောင်စီတပ်က

 | 

ဖျက်ဆီးပြီး

 | 

ဓမ္မဆရာများကို

 | 

ဖမ်းဆီး

 | 

Sources