Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ဖမ်းဆီးခံသတင်းထောက်များအတွက် မီဒီယာကောင်စီကို အကူအညီတောင်းရန် ဥပဒေ အကြံပေးပြော

အဖမ်းခံရတဲ့ သတင်းထောက်တွေပြန်လွတ်ဖို့ သတင်းမီဒီယာကောင်စီကို ဆက်သွယ် အကူအညီတောင်းဖို့ လိုတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်တွေမှာ သတင်းရယူရင်း အဖမ်းခံရတဲ့ သတင်းထောက်တွေ အမြန်ပြန်လွတ်ဖို့ဆိုရင် သက်ဆိုင်ရာသတင်းဌာနတွေက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဆက်သွယ်ဖို့ လိုတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဒီနေ့ ပြောပါတယ်။ ဦးခင်မောင်မြင့်ဟာ လတ်တလော အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ သပိတ်မှောက်ပြည်သူတွေ ပြန်လွတ်ရေးအတွက် ဆေင်ရွက်နေသူဖြစ်ပါတယ်။ အင်းစိန်အကျဉ်းထောင် ထောင်မှူးကြီး၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဦးခင်မောင်မြင့်က အခုလိုပြောဆိုလိုက်တာပါ။ “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ဒေါက်တာမျိုးသန့်တင်ကို အကူအညီတောင်းလို့ ရပါတယ်။ နယ်က သတင်းထောက်တချို့ အဖမ်းခံရပြီးနောက်ပိုင်း သူ့ကို ဆက်သွယ်လိုက်တာနဲ့ ချက်ချင်းဆိုသလို ပြန်လွတ်ပါတယ်” လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥပဒေ ပုဒ်မ ၇ [ ]


Latest News
Hashtags:   

ဖမ်းဆီးခံသတင်းထောက်များအတွက်

 | 

မီဒီယာကောင်စီကို

 | 

အကူအညီတောင်းရန်

 | 

အကြံပေးပြော

 | 

Sources