Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မြန်မာစစ်တပ်နှင့် စစ်အာဏာရှင်ကိုအလိုမရှိကြောင်း ဖာပွန်ခရိုင် ကရင်လူထု ဆန္ဒပြ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကရင်ကျေးရွာ ၃၄ ရွာက ရွာသူရွာသားတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ သူတို့နယ်မြေတွင်းက မြန်မာ့တပ်မတော်တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့  မတ်လ ၂ ရက်မနက်က   သံလွင်မြစ်ကမ်းဘေးမှာ တောင်းဆိုဆန္ဒပြကြပါတယ်။ မူတြော် (ဖာပွန်) ခရိုင်အတွင်း ကေအန်ယူထိန်းချုပ်နယ်မြေက ကျေးရွာ ၃၄ ရွာက ရွာသားတွေဟာ သံလွင်မြစ်တလျှောက် စက်လှေကြီးငယ်တွေနဲ့ ချီတက်ပြီး အီးတူးထ ပြည်တွင်းဒုက္ခသည်စခန်းအနီးက သံလွင်မြစ် သဲသောင်ပြင်မှာ စုရုံးဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်း သူတို့ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စီမံအုပ်ချုပ်ခွင့် အပြည့်အဝရှိတဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နယ်မြေမှာ နေထိုင်ပြီး သူတို့သာ နိုင်ငံရေးအရ တရားဝင်အာဏာရှိသူဖြစ်ကြောင်းလည်း ကြေညာပါတယ်။ ဗဟိုချုပ်ကိုင်မှုချမှတ်ထားတဲ့ အုပ်ချုပ်ရေးစနစ်အားလုံးကို ဆန့်ကျင်ကြောင်း စစ်အာဏာရှင်နဲ့ သူတို့ချမှတ်ထားတဲ့ အုပ်ချုပ်ရေးစနစ်အားလုံးကို ဆန့်ကျင်ကြောင်းနဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ [ ]


Latest News
Hashtags:   

မြန်မာစစ်တပ်နှင့်

 | 

စစ်အာဏာရှင်ကိုအလိုမရှိကြောင်း

 | 

ဖာပွန်ခရိုင်

 | 

ကရင်လူထု

 | 

ဆန္ဒပြ

 | 

Sources