Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကလေးမြို့၌ သပိတ်စစ်ကြောင်းကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်း၊ အမျိုးသား ၅ ဦး ကျည်ထိမှန် ၃ ဦး အပြင်းထန်ဒဏ်ရာရ

ကလေးမြို့မှာ  မတ်လ ၂ ရက်နေ့မနက်က  စစ်အာဏာရှင်တော်လှန်ရေးသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်အမျိုးသား ၅  ယောက် ကျည်ဆန် ထိမှန်ခဲ့ပြီး ၃ ယောက်က အပြင်း အထန် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ယောက်ထဲက ၂ ယောက်ကို ကာယကံမေတ္တာ အခမဲ့ဆေးခန်းမှာ အသေးစား ကုသပေးနေပြီး ဒဏ်ရာပြင်းထန်သူ ၃ ယောက် ကိုတော့ Royal City ပုဂ္ဂလိက ဆေးရုံမှာ ကုသပေးနေပါတယ်။ ဒဏ်ရာပြင်းထန်ရရှိသူတွေဟာ ပေါင်၊ ရင်ဘတ်နဲ့ ချိုင်းအောက် နေရာတွေမှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တာပါ။ ဒီကနေ့ ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်မှာ သေဆုံးသူ ရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီသတင်းတွေကို ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါတယ်။ မင်းရဲစစ်နိုင်


Latest News
Hashtags:   

ကလေးမြို့၌

 | 

သပိတ်စစ်ကြောင်းကို

 | 

စစ်တပ်နှင့်ရဲက

 | 

ပစ်ခတ်ဖြိုခွင်း၊

 | 

အမျိုးသား

 | 

ကျည်ထိမှန်

 | 

အပြင်းထန်ဒဏ်ရာရ

 | 

Sources