Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ယုဇနပလာဇာအနီး ရဲနှင့် စစ်တပ်က အကြမ်းဖက် ပစ်ခတ်၊ ၆ ဦးဒဏ်ရာရ ၈ ဦးခန့် ဖမ်းဆီးခံရ

ရန်ကုန် တာမွေမြို့နယ် ယုဇနပလာဇာနားက ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် အနည်းဆုံး ၈ ယောက် ဖမ်းခံရပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။ ယောကျ်ားလေး ၅ ယောက်နဲ့ မိန်းကလေး ၃ ယောက်ဖမ်းခံလိုက်ရတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ၆ ယောက်ကတော့ ရာဘာကျည်ထိမှန် ဒဏ်ရာရခဲ့တာပါ။ ဒီမနက်ကစပြီး ယုဇနပလာဇာနားမှာ ဆန္ဒပြနေသူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ် ဖြိုခွင်းနေခဲ့ပြီး မင်္ဂလာဈေးဘက်မှာလည်း ဆန္ဒပြကြတာကြောင့် လမ်းတွေထဲအထိ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ လူစုခွဲခဲ့ ကြတာပါ။


Latest News
Hashtags:   

ယုဇနပလာဇာအနီး

 | 

ရဲနှင့်

 | 

စစ်တပ်က

 | 

အကြမ်းဖက်

 | 

ပစ်ခတ်၊

 | 

ဦးဒဏ်ရာရ

 | 

ဦးခန့်

 | 

ဖမ်းဆီးခံရ

 | 

Sources