Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ခေတ္တပြည်ထောင်စုဝန်ကြီးများကို CRPH က ခန့်အပ်

နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စားဆောင်ရွက်ဖို့ ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတာကြောင့် အခုလို ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်လိုက်တာလို့ CRPH က ဒီနေ့ရက်စွဲနဲ့ ကြေညာထားပါတယ်။ အာဏာသိမ်းယူထားတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး တွေဟာ တာဝန်ထမ်းဆောင်နိုင်ဖို့ အခြေအနေမရှိတော့တာကြောင့် အစိုးရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကိုယ်စား ဆောင်ရွက်ဖို့အတွက် ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးလွင်ကိုလတ် (သမ္မတရုံးဝန်ကြီးဌာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ ဦးတင်ထွန်းနိုင် (စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး (အလုပ်သမား၊ [ ]


Latest News
Hashtags:   

ခေတ္တပြည်ထောင်စုဝန်ကြီးများကို

 | 

ခန့်အပ်

 | 

Sources