Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

DVB သတင်းထောက်ကို စစ်တပ်က မည်သည့်နေရာ၌ ဖမ်းဆီးထားမှန်းမသိရသဖြင့် မိသားစု စိုးရိမ်

DVB သတင်းဌာနရဲ့ မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခေါ်) ကိုအောင်ကျော်ကို စစ်တပ်က မနေ့ညကတည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ခုအချိန်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးလို့ မိသားစုက စိုးရိမ်ပူပန်နေပါတယ်။ ကိုအောင်ကျော်ကိုဖမ်းဆီးသွားတဲ့အတွက် မြိတ်မြို့နယ်မြေ ရဲစခန်းမှာ မိသားစုက လူပျောက်တိုင်ကြားရာမှာလည်း ရဲတပ်ဖွဲ့က အမှုလက်ခံခြင်းမရှိပဲ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်ကျော်ရဲ့ ဇနီး မနေခြည်မိုးထက်က “ ညီမ ဒီမနက်ကျတော့ ရဲစခန်းကို ညီမသွားတယ်။ စခန်းမှူးကိုသွားတွေ့တယ်။  မနေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ လူပျောက်တိုင်ချင်တယ်လို့ ပြောတယ်။ စခန်းမှူးကိုယ်တိုင်နဲ့တွေ့ရပြီးတော့ စခန်းမှူးက ဒီလိုမျိုးအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာသည် လူပျောက်တိုင်လို့ရတဲ့အမှုမဟုတ်ဘူးလို့ ပြောတယ်။ သူတို့ စစ်ဆေးမေးမြန်းချင်လို့ ခေါ်သွားတာလို့ ပြောတယ်။ အဲတော့ ညီမက စစ်ဆေးမေးမြန်းချင်လို့ခေါ်သွားတာဆိုရင် ဘယ်ကိုခေါ်သွားလဲ။ မိသားစုဝင်နဲ့တွေ့ခွင့်မပေးဘူးလား။ သူ့ဇနီးတယောက်အနေနဲ့ တွေ့ခွင့်မရှိဘူးလားလို့ [ ]


Latest News
Hashtags:   

သတင်းထောက်ကို

 | 

စစ်တပ်က

 | 

မည်သည့်နေရာ၌

 | 

ဖမ်းဆီးထားမှန်းမသိရသဖြင့်

 | 

မိသားစု

 | 

စိုးရိမ်

 | 

Sources