Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကောလင်းမြို့နယ်တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို မတ်လ ၅ ရက်နေ့က ကျင်းပခဲ့ပြိး ပြည်သူအင်အား တစ်သောင်းလောက် ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုမှာ ပြည်သူတွေက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ထုတ်ဖော်ခဲ့ကြသလို ဒီမိုကရေစီပြန်လည်ရရှိဖို့၊ ခေါင်းဆောင်တွေပြန်လွှတ်ပေးဖို့၊ အစိုးရဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့၊ တပ်ပိုင်ပစ္စည်းတွေ သပိတ်မှောက်ဖို့ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကောလင်းမြို့နယ်က စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲကို ပညာရေး၊ စည်ပင်ဌာနဝန်ထမ်း​တွေ၊ ကျန်းမာရေး၊ လျှပ်စစ်၊ သစ်ထုတ်လုပ်ရေး၊ မြေစာရင်းဌာနက ဝန်ထမ်းတွေ၊ ရှေ့နေအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကုန်တင်ကုန်ချအလုပ်သမားတွေ၊ ဆန်စက်နဲ့ဆန်လုပ်ငန်းရှင်တွေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းတွေပါ သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။


Latest News
Hashtags:   

ကောလင်းမြို့နယ်တွင်

 | 

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း

 | 

ဆန္ဒပြ

 | 

Sources