Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မိုး​ကောင်းမြို့​တွင် ရဲနှင့်စစ်သားကို ​စျေးမ​ရောင်ရန် Social Punishment ပြုလုပ်

ကချင်ပြည်နယ် မိုးကောင်းမြို့ က ​​စျေးဆိုင်​တွေမှာ ရဲနဲ့ စစ်သားအပြင် CDM မှာ မပါ​သေးတဲ့ ၀န်ထမ်း​တွေကို​ စျေးမ​ရောင်းဖို့ Social Punishment (လူမှုရေးပြစ်ဒဏ်) ပြုလုပ်​နေကြပါတယ်။ မိုး​ကောင်းမြို့ရှိ ကုန်စုံဆိုင်၊ ဆန်ဆိုင်၊ စား​သောက်ဆိုင်၊ သားငါးဆိုင်၊ အလှပြင်ဆိုင်နဲ့ လူသုံးကုန်ဆိုင်​တွေက အခုလို Social Punishment ပြုလုပ်​နေကြတာပါ။ “အာဏာသိမ်းစစ်အုပ်စုကို​ ထောက်ခံသူ​တွေ၊ နိုင်ငံ​တော်ပုန်ကန်မှုကို အား​ပေးသူ မည်သူမဆို ယဥ်​ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ကျဥ်ဖို့ တာ၀န်ရှိ​တယ်” လို့ ဆန်ဆိုင်ပိုင်ရှင်တဦးက ​ပြောပါတယ်။ မိုး​ကောင်းမြို့ရှိ ​စျေးဆိုင်အများစုက Social Punishment ပြုလုပ်နေကြပြီး မ ပြုလုပ်​သေးတဲ့​ စျေးဆိုင်အချို့လည်းရှိပါတယ်။ ​နောက်ပိုင်း အဲဒီ​စျေးဆိုင်​တွေကိုလည်း Social Punishment ပြုလုပ်သွားမယ်လို့ သိရပါတယ်။


Latest News
Hashtags:   

မိုး​ကောင်းမြို့​တွင်

 | 

ရဲနှင့်စစ်သားကို

 | 

​စျေးမ​ရောင်ရန်

 | 

Social

 | 

Punishment

 | 

ပြုလုပ်

 | 

Sources