Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မြန်အောင် ဆန္ဒပြကျောင်းသား ၄ ဦး ဖမ်းဆီးခံရ၊ ဆန္ဒပြသူများ၏ ဆိုင်ကယ်များအား သိမ်းဆည်း

မြန်အောင်မြို့မှာ ဆန္ဒပြပြည်သူလူထုထဲက ကျောင်းသားလေးယောက်ကို ဖမ်းဆီးပြီး ဆန္ဒပြပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုလည်း တပ်ရင်း ၅၁ ထဲ သိမ်းဆည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ မြန်အောင်မြို့မှာ မတ် ၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးလူစုခွဲခဲ့ပြီး ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် မြို့နယ်တွင်းက ပြည်သူတွေက လမ်းတွေပိတ်တောင်းဆိုခဲ့ကြပါတယ်။ မြန်အောင်မြို့ပေါ်ရှိ မြို့မြို့ဖတွေက လွတ်မြောက်ရေးအတွက် တာဝန်ယူမယ်ဆိုတာကြောင့် လမ်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာ ကျောင်းသားမိဘတွေခေါ်ထားပြီး လွတ်မြောက်ဖို့လုပ်ဆောင်နေတယ်လို မြန်အောင်မြို့ခံဆရာတော်တပါးကမိန့်ပါတယ်။ မြန်အောင်မြို့နယ်မှာ မတ်လ ၄ ရက်နေကလည်း ကျောင်းသား ၆ ယောက် အဖမ်းခံထားရပါတယ်။


Latest News
Hashtags:   

မြန်အောင်

 | 

ဆန္ဒပြကျောင်းသား

 | 

ဖမ်းဆီးခံရ၊

 | 

ဆန္ဒပြသူများ၏

 | 

ဆိုင်ကယ်များအား

 | 

သိမ်းဆည်း

 | 

Sources