Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မြစ်ကြီးနား ဆန္ဒပြသူများကို သေနတ်၊ မီးခိုးဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်း၊ ၃ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြသူတွေကို ဒီနေ့မနက် ၁၀ နာရီကျော်အချိန်က ရဲနဲ့တပ်က သေနတ် ၁၀ ချက်ခန့်နဲ့ မီးခိုးဗုံးတွေ ပစ်ခတ်ပြီး ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ ဖြိုခွဲခံရတဲ့ အဲ့ဒီဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့၊ ဒူကထောင်စျေးအရှေ့ကနေ မနက် ၉ နာရီက လူဦးရေ ၁၀၀ လောက်နဲ့ လမ်းလျှောက်ဆန္ဒပြကြပြီး အောင်နန်းရပ်ကွက်အရောက်မှာ ရဲနဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဆန္ဒပြသူ အနည်းဆုံး ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြော ပါတယ်။


Latest News
Hashtags:   

မြစ်ကြီးနား

 | 

ဆန္ဒပြသူများကို

 | 

သေနတ်၊

 | 

မီးခိုးဗုံးများဖြင့်

 | 

ပစ်ခတ်ဖြိုခွင်း၊

 | 

ဖမ်းဆီးခံရ

 | 

Sources