Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မော်လမြိုင်ကျွန်းမြို့နယ်၌ ဆန္ဒပြသူ ၆ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ မတ် ၇ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့အတွက် ၆ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ ဆန္ဒပြသူတွေရဲ့ စုရပ်နေရာတွေနဲ့ လူစုလူဝေးပြုလုပ်တဲ့ နေရာတွေမှာ ရဲနဲ့ စစ်သားတွေ စောင့်ကြည့်ဖမ်းဆီးနေတဲ့အတွက် ဆန္ဒပြပွဲတွေကို မတ်လ ၁ ရက်နေ့က ရက်နားထားခဲ့ပြီး ဒီနေ့ မတ်လ ၇ ရက်မှာ ပြန်လည်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ မော်လမြိုင်ကျွန်းမြို့ခံ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသူ ၁၈ ဦးထဲကနေ ၁၅ ဦး ပြန်လွတ်လာပြီး ၃ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အပါအဝင်ပုဒ် ၃ ခုနဲ့ အမှုဖွင့်ထားပါတယ်။


Latest News
Hashtags:   

မော်လမြိုင်ကျွန်းမြို့နယ်၌

 | 

ဆန္ဒပြသူ

 | 

ဦးထက်မနည်း

 | 

ထပ်မံဖမ်းဆီးခံရ

 | 

Sources