Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်းများ တနိုင်ငံလုံးအထွေထွေအလုပ်ရပ် အာဏာဖီဆန်မှု စတင်

 မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်း ၁၈ ခုက မတ်လ ၈ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေအလုပ်ရပ် အာဏာဖီဆန်မှု စတင်မယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို လက်မခံတဲ့အတွက် မြန်မာ့စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို ထိန်းချုပ်မရဘဲ ရပ်တန့်သွားဖို့ အကြမ်းမဖက် အာဏာဖီဆန်မှု စတင်တာဖြစ်ပြီး အစိုးရဝန်ထမ်းအပြင် ပုဂ္ဂလိကဝန်ထမ်းတွေနဲ့ အလုပ်သမားတွေပါ ပူးပေါင်းအလုပ်ရပ်ပေးဖို့ တောင်းဆိုထားပါတယ်။ အလုပ်သမားတွေ၊ ဝန်ထမ်းတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ သမဂ္ဂအဖွဲ့​တွေကို ဝင်ထားသည်ဖြစ်စေ၊ မဝင်ထားသည်ဖြစ်စေ ပူးပေါင်းပါဝင်ပေးလို့ ရတယ်လို့ ဆိုပါတယ်။ သူရဲကောင်းများ ဖန်တီးနေရုံသက်သက်နဲ့ မြန်မာ့ဒီမိုကရေစီရရှိရေးတိုက်ပွဲ အောင်မြင်နိုင်မှာမဟုတ်ဘဲ မြန်မာတစ်ပြည်လုံးက အလုပ်မဆင်း/အလုပ်ရပ် လှုပ်ရှားမှုဟာ ပြည်သူ့အောင်ပွဲအတွက် နည်းလမ်းဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။ အလုပ်မဆင်း/အလုပ်ရပ်လှုပ်ရှားမှုက နောက်တစ်ကြိမ်​ကြေညာချက်မထုတ်မချင်းနဲ့ ဒီမိုကရေစီတိုက်ပွဲ မအောင်မချင်း လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်း ၁၈ ခုက ကတိပြုပြောဆိုထားပါတယ်။ CDM [ ]


Latest News
Hashtags:   

မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်းများ

 | 

တနိုင်ငံလုံးအထွေထွေအလုပ်ရပ်

 | 

အာဏာဖီဆန်မှု

 | 

Sources