Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

တောင်ကြီးတွင် ဆန္ဒပြပြည်သူများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွင်း၊ လူငယ် ၂ ဦး ရာဘာကျည်ထိမှန်

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၇ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို လက်နက်ကိုင်ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းရာမှာ လူငယ် ၂ ဦး ရာဘာကျည်ဆန် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့နဲ့အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာမှာ လူငယ်နှစ်ယောက်ရဲ့ ပခုံးနဲ့ ပေါင်ကို ရာဘာကျည်ထိမှန်ခဲ့တာပါ။ ဒါ့အပြင် ရပ်ကွက်က ပြုလုပ်ထားတဲ့ အကာအရံတွေကိုလည်း ဘူဒိုဇာတွေနဲ့ ဖျက်ဆီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ တောင်ကြီးမြို့မှာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ ဖမ်းဆီးခံရသူများ ပြန်လွှတ်​ပေး​ရေး၊ ဝန်ထမ်းများ CDM ပြုလုပ်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်​ဖော်​နေသူတွေကို ရဲနဲ့ စစ်တပ်က ဒီနေ့မနက် အင်အားသုံး ဖြိုခွဲခဲ့ပေမဲ့ လူထုကတော့ နေရာရွှေ့ပြောင်းပြီး ဆက်လက်ဆန္ဒပြနေဆဲလို့ သိရပါတယ်။


Latest News
Hashtags:   

တောင်ကြီးတွင်

 | 

ဆန္ဒပြပြည်သူများကို

 | 

ရဲနှင့်စစ်တပ်က

 | 

အကြမ်းဖက်ဖြိုခွင်း၊

 | 

လူငယ်

 | 

ရာဘာကျည်ထိမှန်

 | 

Sources