Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကလောမြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး CDM တွင်ပါဝင်ရန် နုတ်ထွက်

ကလောမြို့မရဲစခန်းမှ  ရဲတပ်ကြပ် ကိုကိုနိုင်ဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပြည်သူနဲ့အတူပူးပေါင်းပါဝင်လိုက်တယ်လို့ သိရပါတယ်။ ပြည်သူတွေအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းမှုတွေဟာ အကြမ်းဖက်လုပ်ရပ်တွေဖြစ်လို့ အာဏာရှင်စနစ်ကို အလိုမရှိတဲ့အတွက် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခွင့်ပြုပါရန် မတ်လ ၆ ရက်က ကိုယ်တိုင်စာရေးတင်ပြီး CDM မှာ ပူးပေါင်းပါဝင် လိုက်တာဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကလောမြို့မရဲစခန်းသို့ဆက်သွယ်မေးမြန်းရာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။ ရဲတပ်ကြပ် ကိုကိုနိုင်ဟာ ကလောမြို့မရဲစခန်းမှ ပထမဆုံး CDM ပြုလုပ်ဖို့ နုတ်ထွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။


Latest News
Hashtags:   

ကလောမြို့မရဲစခန်းမှ

 | 

ရဲတပ်ကြပ်

 | 

တွင်ပါဝင်ရန်

 | 

နုတ်ထွက်

 | 

Sources