Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ရန်ကုန် အလုံမြို့နယ်က ဒုရဲအုပ် ၁ ဦး CDM တွင် ပါဝင်လာ

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် ရန်ကုန်တိုင်း၊ အလုံမြို့နယ်က ဒုရဲအုပ်တစ်ဦး CDM မှာ ပါဝင်လာပါတယ်။  အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပြည်သူနဲ့အတူပူးပေါင်းပါဝင်လိုက်တဲ့အကြောင်း ဒုရဲအုပ် ကျော်ကျော်မင်းက အလုံမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲထပ်ဖွဲ့မှူးထံ ဒီကနေ့ မတ်လ ၇ ရက်နေ့စွဲနဲ့ စာရေးပေးပို့ အကြောင်းကြားခဲ့တာလို့ ဒီဗွီဘီကိုပြောပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့ အတွက် တခြားဌာနပေါင်းစုံက CDM ဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းရပ်တည်သွားမယ့်အကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ မည်သည့်ပစ္စည်း တစ်စုံတရာကိုမျှ ယူဆောင်သွားခြင်းမရှိဘူးလို့ သူ့ရဲ့ စာမှာ ဖော်ပြထားပါတယ်။ ဒုရဲအုပ် ကျော်ကျော်မင်းဟာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက စတင်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်း ဆောင်ခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးမှာ တာဝန်ကျခဲ့သလို ရခိုင်ပြည်နယ် အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာလည်း [ ]


Latest News
Hashtags:   

ရန်ကုန်

 | 

အလုံမြို့နယ်က

 | 

ဒုရဲအုပ်

 | 

ပါဝင်လာ

 | 

Sources