Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မင်းလှ ဒုမြို့နယ်တရားသူကြီးနှင့် ပညာရေး ဝန်ထမ်း ၉ ဦး CDM တွင် ပါဝင်လာ

မင်းလှမြို့နယ် ပညာရေးမှူးရုံးက ဝန်ထမ်း ၉ ဦး နဲ့ မင်းလှမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးတို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာ မင်းလှမြို့နယ်မှာ ပညာရေးမှူးရုံးက ဝန်ထမ်း ၉ ဦး၊ ဒုတိယမြို့နယ်တရားသူကြီး ၁ ဦး၊ ထွေအုပ်ဝန်ထမ်း ၅ ဦး CDM မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။ မင်းလှမြို့နယ်မှာ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်း ၉၀၀ လောက် CDM ပြုလုပ်နေကြပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ  အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတွေက ဆက်လက်ဆန္ဒထုတ်ဖော်နေပါတယ်။


Latest News
Hashtags:   

မင်းလှ

 | 

ဒုမြို့နယ်တရားသူကြီးနှင့်

 | 

ပညာရေး

 | 

ဝန်ထမ်း

 | 

ပါဝင်လာ

 | 

Sources