Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကျဆုံးအာဇာနည်များကို ခင်ဝင့်ဝါနှင့် စေတနာရှင်ပြည်သူများက အလှူငွေထောက်ပံ့နေ

စစ်အာဏာရှင်ဆန့်ကျင်လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးခဲ့ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိကြသူတွေကို စေတနာရှင်ပြည်သူတွေနဲ့အတူ အလှမယ် ခင်ဝင့်ဝါက ဆက်တိုက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ခင်ဝင့်ဝါက ရေးသားထားခဲ့တာဖြစ်ပြီး မတ်လ ၃ ရက်နေ့ကနေ လက်ရှိအချိန်ထိ စုစုပေါင်း ၂၆,၈၂၂,၀၀၀ ကျပ် ရရှိပြီး ဖြစ်ကာ အဲဒီအလှူငွေထဲက ကျဆုံးအာဇာနည် ၈ ယောက်နဲ့ ကျည်ထိလူနာ ၃၄ ယောက်အတွက် ၁၈,၇၀၀,၀၀၀ ကျပ်ကို ဆက်သွယ်ကူညီပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ရက်တွေမှာလည်း ရန်ကုန်နဲ့ နယ်အသီးသီးက မလှူရသေးတဲ့ သူတွေဆီ ဆက်သွယ်လှူဒါန်းသွားမှာဖြစ်ကြောင်းနဲ့ သွားရေး လာရေး အခက်အခဲနဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြန့်ကြာနေရတာကိုလည်း နားလည်ခွင့်လွှတ်ပေးဖို့၊ တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူတွေလည်း ဆက်သွယ်နိုင်ဖို့နဲ့ ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်တယ်လို့ [ ]


Latest News
Hashtags:   

ကျဆုံးအာဇာနည်များကို

 | 

ခင်ဝင့်ဝါနှင့်

 | 

စေတနာရှင်ပြည်သူများက

 | 

အလှူငွေထောက်ပံ့နေ

 | 

Sources