Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်း သပိတ်လူငယ်များ လမ်းပေါ်ပြန်ထွက် ဆန္ဒပြ

စစ်တပ်နဲ့ ရဲ ပြန်ဆုတ်သွားတဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်းသပိတ်လူငယ်တွေ မွန်းလွဲ ၂ နာရီမှာ လမ်းပေါ်ပြန်တက်ပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။ မနက်ပိုင်းကတည်းက စစ်တပ်နဲ့ရဲဝင်လာပြီး အသံဗုံးတွေဖောက် လု့ခြုံရေးယူခဲ့တာကြောင့် လူငယ်တွေဟာ သပိတ်မှောက်ဖို့ အခွင့်မသာဖြစ်ခဲ့ပါတယ်။ မွန်းလွဲတစ်နာရီခွဲလောက်မှာ စစ်တပ်နဲ့ရဲရဲ့ ကင်းတွေ ပြန်ဆုတ်သွားတဲ့အတွက် လူငယ်တွေ လမ်းမပေါ်ပြန်ထွက်လာတာဖြစ်ပါတယ်။ ပေါက်တောဝမှ ာကင်းတွေပြန်ဆုတ်တယ်ဆိုပေမယ့် အင်းစိန်ထောင်ရှေ့ လမ်းမတလျှောက်မှာတော့ စစ်တပ်နဲ့ရဲကားတွေ သွားလာနေတုန်းဖြစ်ပါတယ်။ အင်းစိန်ပေါက်တောဝ၊ ဘုရင်နောင်လမ်းသပိတ်ကို မတ်လ ၃ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ဟာ ၆ရက်မြောက်နေ့ဖြစ်ပါတယ်။


Latest News
Hashtags:   

အင်းစိန်ပေါက်တောဝ၊

 | 

ဘုရင့်နောင်လမ်း

 | 

သပိတ်လူငယ်များ

 | 

လမ်းပေါ်ပြန်ထွက်

 | 

ဆန္ဒပြ

 | 

Sources