Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

တောင်ကြီးအခြေစိုက် အရှေ့ပိုင်းရီဗျူးသတင်းဌာန အယ်ဒီတာ ဖမ်းဆီးခံရ

ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် Eastern Review အရှေ့ပိုင်းရီဗျူးသတင်းဌာန ထူထောင်သူနဲ့ Hsenpai ရှမ်းသတင်းဌာန တာဝန်ခံအယ်ဒီတာ စိုင်းဇင်ဒီဒီဇုံဟာ တောင်ကြီးမြို့ လမ်းမကြီးပေါ်မှာ တာဝန်အရ သတင်းယူနေစဉ် သပိတ်ဖြိုခွင်းရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ ဒီကနေ့ နေ့ခင်း ၁၂ နာရီလောက်က တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် အနောက်မြို့ပတ်လမ်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို ပိတ်ဆို့ဝိုင်းရံထားနေစဉ် စိုင်းဇင်ဒီဒီဇုံက အဝေးကနေ ဓာတ်ပုံရိုက်တာကို လာဖမ်းသွားတာလို့ တောင်ကြီးဒေသခံ စိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “လုံခြုံရေးတပ်ဖွဲ့တွေက အနောက်မြို့ပတ်လမ်းက ပိတ်ဆို့နေတာကို သူက အဝေးကနေပဲ ဓာတ်ပုံရိုက်နေတာပါခင်ဗျ။ အဲဒါကို လာဖမ်းသွားတာပါ၊ လမ်းမကြီးပေါ်မှာပါ။ ကျနော်တို့ တွေ့ရတဲ့ထိတော့ ရဲစခန်းကိုတော့ မခေါ်သွားသေးဘူး။ လုံခြုံရေးတပ်ဖွဲ့တွေ ကားလာရပ်ထား တဲ့ နေရာမှာ [ ]


Latest News
Hashtags:   

တောင်ကြီးအခြေစိုက်

 | 

အရှေ့ပိုင်းရီဗျူးသတင်းဌာန

 | 

အယ်ဒီတာ

 | 

ဖမ်းဆီးခံရ

 | 

Sources