Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံ ၁၄၀၀ ကျော်ရှိဟု အေအေပီပီ ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသွားရသူဦးရေဟာ အနည်းဆုံးအယောက် ၅၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၇ ရက်နေ့အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်းပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို အေအေပီပီအနေနဲ့ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြထားတာပါ။ မှတ်တမ်းပြုချက်တွေအရ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၁၇၉၀ ယောက်ထိ ရှိခဲ့ပြီဖြစ်ကာ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အယောက် ၇၀ နဲ့ ပြန်လည်လွတ်မြောက်လာသူ ၃၁၈ ယောက်ရှိခဲ့ပြီ [ ]


Latest News
Hashtags:   

အကြမ်းဖက်ဖြိုခွင်းမှုကြောင့်

 | 

ကျဆုံးသူ

 | 

ကျော်၊

 | 

ဖမ်းဆီးထိန်းသိမ်းခံ

 | 

ကျော်ရှိဟု

 | 

အေအေပီပီ

 | 

ထုတ်ပြန်

 | 

Sources