Tuesday 11 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ အလျော်အစားကြီးတဲ့ တွက်ချက်မှု (ဆောင်းပါး)

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးအတွက် စစ်ကောင်စီဘက်က ရပ်တည်မှုဟာ ရေရှည်ပြည်တွင်းစစ်တခုကို ဖြစ်ပေါ်စေနိုင်မယ့် အလားအလာတွေရှိနေ နှစ်လခွဲနီးပါးကြာမြင့်လာတဲ့ စစ်အာဏာသိမ်းမှု ဂယက်ကြောင့် နိုင်ငံတကာ အသိုက်အဝန်း သက်ရောက်မှုတွေမျိုးစုံရှိနေရာမှာ တရုတ်နိုင်ငံ အတွက်တော့ ထိခိုက်မှု အကြီးမားဆုံး ဖြစ်နေပါတယ်။ မစွက်ဖက်ရေးမူဝါဒလို့ဆိုပေမယ့် တရုတ်နိုင်ငံရဲ့ မဟာဗျုဟာနဲ့ စီးပွားရေး အကျိုးစီးပွားအတွက် တကယ်တမ်းကြားနေရေးမူဝါဒဟာ အကျပ်အတည်းတခုဖြစ်လာနေပါတယ်။ တရုတ်နိုင်ငံဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းကစပြီး စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကို ပြည်တွင်းရေးတခုအနေနဲ့သာ ရှုမြင်ခဲ့ပြီး မြန်မာနိုင်ငံ ပြန်လည်အေးချမ်းတည်ငြိမ်ရေးအတွက် နိုင်ငံတကာက ကြိုးပမ်းမှုတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ထိန်းသိမ်းတည့်မတ်နိုင်ခဲ့ရင် တရုတ်နိုင်ငံ အတွက်လည်း အကျိုးအမြတ်ရှိနိုင်ပေမယ့် ဒီမိုကရေစီတန်ဖိုးနဲ့ အနောက်တိုင်းအကျိုးစီးပွားတွေ သူ့နယ်နိမိတ်နားမှာ ပျံ့နှံ့မလာဖို့ တားဆီးနိုင်မယ့် စစ်မြေပြင်တခုအနေနဲ့ ရှုမြင်ပုံက သူ့အတွက် ပိုအရေးကြီးနေတာပါ။ အကျိုးဆက်အနေနဲ့ [ ]


Latest News
Hashtags:   

မြန်မာ့အရေး

 | 

တရုတ်နိုင်ငံရဲ့

 | 

အလျော်အစားကြီးတဲ့

 | 

တွက်ချက်မှု

 | 

ဆောင်းပါး

 | 

Sources