Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ဂွတ္တလစ် ဦးချစ်မောင်လမ်းမပေါ် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန် ဗဟန်းမြို့နယ်  ဂွတ္တလစ် ဦးချစ်မောင်လမ်းမပေါ်မှာ ဒီကနေ့ ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေက သေနတ်နဲ့ အချက်ပေါင်း တစ်ဒါဇင်လောက် ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ ရတနာပန်းခြံအနီး လမ်းဆုံမှတ်တိုင်နားမှာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေ လူတွေကို ရဲတွေက ဒီနေ့  ရှာဖွေစစ်ဆေးနေတာဖြစ်ပါတယ်။ စစ်ဆေးမခံဘဲ မောင်းပြေးတဲ့ကား ၁ စီးကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်းဒေသခံတွေထံက သိရပါတယ် ပစ်ခတ်မှုမှာ ထွက်ပြေးသွားတဲ့ကားကို ထိမှန်ခြင်းမရှိပေမဲ့ မင်းလမ်းမှတ်တိုင် အနား ရပ်နေတဲ့ လူတစ်ယောက် သေနတ်ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ ကျည်ဆန်ထိမှန်သူဟာ စည်ပင်ဝန်ထမ်း ၁ ဦးဖြစ်ပြီး သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့ တင်ဆောင်သွားတယ်လို့ လည်းဆိုပါတယ်။   ခုလို လူ ၁ ဦးကျည်ဆန်ထိမှန်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက်ရရှိခြင်းတော့ [ ]


Latest News
Hashtags:   

ဂွတ္တလစ်

 | 

ဦးချစ်မောင်လမ်းမပေါ်

 | 

ပစ်ခတ်မှုဖြစ်ပွား

 | 

Sources