Tuesday 11 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 29 days ago

ဆန္ဒပြသူများအား ဖြိုခွင်းရန်လာသည့် ရဲနှင့်စစ်တပ်ယာဉ်တန်းကို KIA က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ဖားကန့်-ရှရော်ခ-မှော်တောင်း ကျေးရွာသွားလမ်းဆုံမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ်ယာဉ်တန်းဟာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ ကြည့်ရတာတော့ အဝေးထိန်းခလုပ်နဲ့ဖောက်ခွဲတာဖြစ်ဖို့များတယ်။ ကားကြီးက အပေါ်ကို တော်တော်မြောက်တက်သွားတာ၊ စစ်သားနဲ့ရဲတွေတော့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန် ရလိမ့်ထင်တာ်ဗျ မျက်မြင်တွေ့ရတဲ့ အေးမြသာယာ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် အရပ်သား ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ဘက်က ဒဏ်ရာရသူအရေအတွက်ကို မသိရပေမဲ့ ကျောင်းအုပ်ဆရာတဦးအပါအဝင် ပြည်သူ ၃ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါ တယ် ။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ယဉ်တန်းဟာ ဆိပ်မူကျေးရွာအုပ်စု [ ]


Latest News
Hashtags:   

ဆန္ဒပြသူများအား

 | 

ဖြိုခွင်းရန်လာသည့်

 | 

ရဲနှင့်စစ်တပ်ယာဉ်တန်းကို

 | 

အဝေးထိန်းမိုင်းဖြင့်

 | 

ဖောက်ခွဲ

 | 

Sources