Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ကချင်ပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်ဖြစ်ပွားလာသဖြင့် ဒေသခံလူထု စစ်ဘေးရှောင်

ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနေပြီး  စစ်ဘေးရှောင်တိမ်းလာတဲ့ ဒေသခံပြည်သူတွေလည်း အကူအညီများစွာ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို  ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက  ပြောပါတယ်။ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးတစ်လျှောက် မြို့သစ်၊ မြို့ဟောင်း၊ ကုန်းလော ၊ နွမ်လန်း၊ စီဟက်၊မခွယ်၊နောင်ကွမ့် စတဲ့ ကျေးရွာတွေအနီးမှာ ဧပြီလ ၁၀ ကနေ ၁၂ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ (ကေအိုင်အေ)တို့အကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။ စစ်တပ်ကတိုက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ပါ ပြစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသတွင်းနေထိုင်တဲ့ နယ်ခံပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ကျေးရွာတွေအထဲကို လက်နက်ကြီး ကျည်ဆန်တွ ကျရောက်မှုကြောင်း ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။ “မနေ့က စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ အိမ်ထောင်စု ၄၀ ကျော်အတွက် အရေးပေါ်တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ပေမယ့်လိုအပ်ချက်တွေရှိနေပါတယ်။ [ ]


Latest News
Hashtags:   

ကချင်ပြည်နယ်တွင်

 | 

တိုက်ပွဲများပိုမိုပြင်းထန်ဖြစ်ပွားလာသဖြင့်

 | 

ဒေသခံလူထု

 | 

စစ်ဘေးရှောင်

 | 

Sources