Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

မိုးကုတ်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၁၂ ရက်ညက  အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကာ   အများအပြား ဒဏ်ရာရသွားပါတယ်။ မိုးကုတ်မြို့အနီးက ချဲဘုရားတောင်အနီးတဝိုက်မှာ မနေ့ညကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှော့တိုက်ဒုံးတွေပါသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးသံတွေကို ​မြို့ထဲက အိမ်တွေ အထိပါ တုန်တဲ့ အထိကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မိုးကုတ်မြို့ ဗျူဟာကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ပန်းမထိပ်ရပ်ကွက်နားက လူနေခြံထဲကိုကျသွားခဲ့ပြီး မြေပျော့တာကြောင့် သက်သာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးကုတ်မြို့မှာ ဧပြီလ ၁၃ ရက် ဒီနေ့မနက် ၆နာရီ အထိ လက်နက်ကြီးသံတွေ ကြားခဲ့ရတာ ဖြစ်ပါတယ်။


Latest News
Hashtags:   

မိုးကုတ်မြို့အနီးတိုက်ပွဲ

 | 

စစ်ကောင်စီတပ်ဖွဲ့ဝင်

 | 

သေဆုံး

 | 

Sources