Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 30 days ago

ဗန်းမော် CDM ဝန်ထမ်းများ တော်လှန်ရေးပြီးဆုံးသည်အထိ ပြည်သူနှင့်ရပ်တည်မည်

တော်လှန်ရေး ပြီးဆုံးတဲ့အထိ နည်းလမ်းအသွယ်သွယ်နဲ့ ဆက်လက်တော်လှန်ပြီး ပြည်သူနဲ့အတူ ရပ်တည်သွားမယ်လို့ ဗန်းမော်မြို့က CDM ကျန်းမာရေး ဘက်တော်သားများအဖွဲ့အစည်းက သဘောထားထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားကြတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းပြီး ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လိုအပ်ပါက တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိကြောင်း၊ Non CDM လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အပြီးတိုင် နုတ်ဆက်လမ်းခွဲကြောင်း၊ နှစ်သစ်သင်္ကြန် ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း၊ သင်္ကြန် ဆော့ကစားပြီး ဖျားနာသူတွေကို ဆေးကုပေးမည်မဟုတ်ကြောင်း၊ စစ်အာဏာရှင် လက်ပါးစေတွေရဲ့ မည်သို့သော ဖျားယောင်း သွေးဆောင်၊ ခြိမ်းခြောက်မှုမျိုးကိုမှ လက်ခံမည်မဟုတ်ကြောင်း၊ တော်လှန်ရေးပြီးဆုံးသည်အထိ ပြည်သူနဲ့အတူ ရပ်တည်ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗန်းမော်မြို့နယ်အတွင်း CDM [ ]


Latest News
Hashtags:   

ဗန်းမော်

 | 

ဝန်ထမ်းများ

 | 

တော်လှန်ရေးပြီးဆုံးသည်အထိ

 | 

ပြည်သူနှင့်ရပ်တည်မည်

 | 

Sources