Saturday 15 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတနာဘဲကို တိုကျိုတွင်ဆန္ဒပြ

ဂျပန်-မြန်မာအသင်းနဲ့ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဝါတနာဘဲဟီဒဲအိုကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ၊ မြန်မာ့အရေးဆောင်ရွတ်နေတဲ့ ဂျပန်နဲ့ အမေရိကန်နိုင်ငံသားတွေက ဒီနေ့ ဧပြီလ ၁၄ ရက်နေ့မှာ တိုကျိုမြို့ရှိ အဆိုပါ အသင်းရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာ ပြည်သူတွေအပေါ် သတ်ဖြတ်နေတဲ့အပေါ် ဂျပန်-မြန်မာအသင်းအနေနဲ့ နှုတ်ဆိတ်နေတဲ့အပြင် တာဝန်ယူမှုမရှိပဲ လက်ရှောင်နေတယ်ဆိုပြီး ဆန့်ကျင်ရှုတ်ချဆန္ဒပြခဲ့ကြတာပါ။ ဒီဂျပန်-မြန်မာအသင်းဟာ အခုလိုအချိန်မှာတောင်ဘာမှ မပြောဘဲ နှုတ်ဆိတ်နေပြီး မြန်မာပြည်သူတွေကို လျစ်လျူရှုနေတဲ့အတွက် ဒီအသင်းဟာမရှိသင့်ဘူးထင်လို့ အခုလို လာရောက်ဆန္ဒပြကြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။ မြန်မာအမည် ဦးကျော်လို့ခေါ်တဲ့ဂျပန်လူမျိုးအငြိမ်းစားကျောင်းဆရာတဦးကလည်း “ကျနော့်အနေနဲ့ စစ်ကောင်စီကိုတိုက်ရိုက်ဆက်သွယ် နားချနိုင်မယ့် ဩဇာတိက္ကမ ကြီးမားတယ်လို့ယူဆနေကြတဲ့ အခုဒီ မစ္စတာဝါတနာဘဲလိုပုဂ္ဂိုလ်ကို စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်စေပြီး ပြည်သူတွေရဲ့ [ ]


Latest News
Hashtags:   

ဂျပန်

 | 

မြန်မာအသင်းဥက္ကဋ္ဌ

 | 

ဝါတနာဘဲကို

 | 

တိုကျိုတွင်ဆန္ဒပြ

 | 

Sources