Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 30 days ago

ခင်ဦးမြို့တွင် အမျိုးသား ၈ ဦးကို ရဲနှင့်စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ သင်္ကြန်အကျနေ့ ဒီကနေ့ မနက်က မြကန်သာရပ်ကွက်အနောက်ပိုင်းက ကိုငြိမ်းစန်းအပါအဝင် လူငယ်အမျိုးသား ၈ ဦးကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ရဲနဲ့စစ်သားတွေက အရပ်ဝတ်နဲ့ လိုက်ထရပ်ကားစီးပြီး လာရောက်ဖမ်းဆီးသွားတာပါ။ စစ်ကောင်စီကခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူနဲ့အဆင်မပြေတဲ့သူတွေကို ဒလံလုပ်လက်ညှိုးထိုးဖမ်းခိုင်းတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ခင်ဦးမြို့မှာ မတ်လ ၂၅ ရက်နေ့ကစလို့ အပစ်အခတ်အဖမ်းအဆီးတွေ ပြင်းထန်ခဲ့ပြီး ဒီနေ့အထိ ပြည်သူ ၂ ဦးကျဆုံးကာ ပြည်သူအယောက် ၅၀ လောက် အဖမ်းခံထားရပါတယ်။ အဖမ်းခံရသူတွေ ဘယ်မှာရောက်နေကြတယ်ဆိုတာ အခုထက်ထိမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲကမှ အာမခံ ကျပ် ၂ သိန်းစီနဲ့ ပြန်လွတ်လာသူ ၄ ယောက်သာရှိသေးတယ်လို့လည်း သိရပါတယ်။ မတ်လ ၂၅ ရက်နေ့က စပြီး [ ]


Latest News
Hashtags:   

ခင်ဦးမြို့တွင်

 | 

အမျိုးသား

 | 

ဦးကို

 | 

ရဲနှင့်စစ်တပ်ကဖမ်းဆီး

 | 

Sources