Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 30 days ago

မြစ်ကြီးနားတွင် အမျိုးသမီးသတင်းထောက် ၁ ဦးဖမ်းဆီးခံရ

မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်ဟောင်း မမျိုးမြတ်မြတ်ပန်ကို ဧပြီ ၁၄ ရက် ဒီညနေ ၆ နာရီလောက်က အရပ်ဝတ်နဲ့ရော ရဲတွေပါ ရောက်လာပြီး နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူ့ရဲ့ လက်ပ်တော့ကွန်ပြူတာနဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နဲ့ ပတ်သက်ပြီး ဂျာနယ်ဘက်က လိုအပ်တာတွေ လိုက်ပါ ဆောင်ရွက်ပေးနေတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ် တာဝန်ရှိသူက ပြောပါတယ်။ မမျိုးမြတ်မြတ်ပန်ကို မတ်လ ၁ ရက်နေ့ကတည်းက တာဝန်မှ ရပ်နားကြောင်း ဂျာနယ်ဘက်က ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော မမျိုးမြတ်မြတ်ပန်ကို ဘယ်မှာ ဖမ်းဆီးထားတယ် ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးပါဘူး။ Photo Credit- မြစ်ကြီးနားသတင်းဂျာနယ်


Latest News
Hashtags:   

မြစ်ကြီးနားတွင်

 | 

အမျိုးသမီးသတင်းထောက်

 | 

ဦးဖမ်းဆီးခံရ

 | 

Sources