Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 28 days ago

အကြမ်းဖက်ဖမ်းဆီးခံရသည့် ကိုဝေမိုးနိုင်ကို ဆေးကုသခွင့်ပေးရန်နှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

မုံရွာမြို့က လူငယ်သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အကြမ်းဖက်ဖမ်းဆီးခံရတဲ့အပေါ် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ သံရုံးတွေက သဘောထား ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အဲဒီလို မတရားအကြမ်းဖက် ဖမ်းဆီးတာကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံရသူတွေအပေါ် လူ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာဆက်ဆံဖို့၊ ထိခိုက်ဒဏ်ရာရရှိမှုအတွက် ဆေးကုသခွင့်ပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။ စစ်အာဏာသိမ်းကာလကတည်းက တစိုက်မတ်မတ်ချီတက်ခဲ့ကြတဲ့ မုံရွာပင်မသ ပိတ်စစ်ကြောင်းဟာ ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာ ၆၈ ရက်မြောက်နေ့အဖြစ် ဆိုင်ကယ်တွေနဲ့ ချီတက်ခဲ့ကြချိန် ‌နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက သာစည်လမ်းမပေါ်မှာ အိမ်စီးကားတွေအသုံးပြု အကြမ်းဖက်ဖြိုခွင်းခဲ့ကြတာပါ။ ဒီဖြိုခွင်းခံရမှုမှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက အိမ်စီးကားနဲ့ ဝင်တိုက်ခဲ့ပြီး အရပ်ဝတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအနေနဲ့လည်း “တစ်ဗိုလ်ကျ [ ]


Latest News
Hashtags:   

အကြမ်းဖက်ဖမ်းဆီးခံရသည့်

 | 

ကိုဝေမိုးနိုင်ကို

 | 

ဆေးကုသခွင့်ပေးရန်နှင့်

 | 

အမြန်ဆုံးပြန်လွှတ်ပေးရန်

 | 

တောင်းဆို

 | 

Sources