Saturday 15 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 28 days ago

ကိုဝေမိုးနိုင် အမြန်ဆုံးလွတ်မြောက်ရေး မုံရွာတွင် ဆီမီးထွန်းဆုတောင်း

မုံရွာမြို့ပြည်သူတွေဟာ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ပါသွားလို့ သွေးအေးသွားမှာမဟုတ်ကြောင်း ပြသနေတဲ့ မုံရွာတောင်ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းဟာ သင်္ကြန်အတက်နေ့ညနေပိုင်းမှာ အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ “မြို့ကိုဖိရင် ရွာတွေကြွမယ်၊ ရွာကိုဖိရင် မြို့တွေကြွမယ်ဆိုတဲ့အတိုင်း ချီတက်ခဲ့ကြတာ” လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင် အမြန်ဆုံးလွတ်မြှောက်ဖို့လည်း ဆီမီးထွန်းဆုတောင်းပွဲပြုလုပ်ပြီး အနက်ရောင်ဝတ်ဆင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းကာလကတည်းက တစိုက်မတ်မတ်ချီတက်ခဲ့ကြတဲ့ မုံရွာပင်မသ ပိတ်စစ်ကြောင်းဟာ ဧပြီ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ ၆၈ ရက်မြောက်နေ့အဖြစ် ဆိုင်ကယ်တွေနဲ့ ချီတက်ခဲ့ကြချိန် ‌နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက သာစည်လမ်းမပေါ်မှာ အိမ်စီးကားတွေအသုံးပြု အကြမ်းဖက်ဖြိုခွင်းခဲ့ကြတာပါ။ ဒီဖြိုခွင်းခံရမှုမှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက အိမ်စီးကားနဲ့ ဝင်တိုက်ခဲ့ပြီး အရပ်ဝတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။


Latest News
Hashtags:   

ကိုဝေမိုးနိုင်

 | 

အမြန်ဆုံးလွတ်မြောက်ရေး

 | 

မုံရွာတွင်

 | 

ဆီမီးထွန်းဆုတောင်း

 | 

Sources