Saturday 15 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 28 days ago

မြစ်ကြီးနားထောင်မှ အကျဉ်းသားပေါင်း ၅၀၀ ကျော် ပြန်လွတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ  အကျဉ်းသားအကျဉ်းသူပေါင်း  ၅၀၅ ယောက်ကို ဧပြီ ၁၇ ရက် ဒီကနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ မြစ်ကြီးနားထောင်ကနေ   အမျိုးသား ၃၉၀ ယောက်နဲ့ အမျိုးသမီး ၁၁၅ ယောက်ကို လွတ်ပေးခဲ့တာလို့ အကျဉ်းဦးစီးဌာနကနေသိရပါတယ်။   “ပုဒ်မတွေ အကုန်လုံးကို လေးပုံတစ်ပုံ လွတ်ငြိမ်းသက်သာ ခံစားခွင့်ပေးပြီး အဲ့ဒီအထဲမှာ အကျုံးဝင်တဲ့ လူကိုလွတ်ပေးလိုက်တာပါ”လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ  အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေ အသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူပေါင်း နှစ်သောင်းကျော်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။


Latest News
Hashtags:   

မြစ်ကြီးနားထောင်မှ

 | 

အကျဉ်းသားပေါင်း

 | 

ကျော်

 | 

ပြန်လွတ်

 | 

Sources