Saturday 15 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 28 days ago

မိုးကုတ်မြို့၌ အကြမ်းဖက်စစ်ကောင်စီတပ်များပစ်ခတ်မှုကြောင့်အနည်းဆုံး ပြည်သူ ၂ ဦးကျဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မြန်မာနှစ်ဆန်း ၁ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်ထဲကို ရဲနဲ့ စစ်သားအင်အား၃၀ ကျော်ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေဘက်က ပြန်လည်ခုခံကာကွယ်ရာမှာ ပြည်သူ ၂ ဦးကျဆုံးပြီး အလောင်းကို အာဏာသိမ်းစစ်တပ်က တွန်းလှည်းနဲ့ ယူသွားတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။ ဒီပစ်ခတ်မှုမှာ ဒဏ်ရာရသူတွေလည်းရှိတဲ့အတွက် ဆေးကုသမှုခံယူနေကြရကာ အနည်းဆုံး ပြည်သူ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပြီး သေဆုံးဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ လူနေရပ်ကွက်ထဲမှာ ရဲနဲ့စစ်တပ်က သေနတ်နဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို မီးခိုးဗုံးတွေပါ အသုံးပြုခဲ့တယ်လို့သိရပါတယ်။ မိုးကုတ်မြို့မှာ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ် အင်အားအများအပြားနဲ့ ငြိမ်းချမ်းစွာပြုလုပ်နေကြတာဖြစ်ပါတယ်။ [ ]


Latest News
Hashtags:   

မိုးကုတ်မြို့၌

 | 

အကြမ်းဖက်စစ်ကောင်စီတပ်များပစ်ခတ်မှုကြောင့်အနည်းဆုံး

 | 

ပြည်သူ

 | 

ဦးကျဆုံး

 | 

Sources