Saturday 15 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 27 days ago

တောင်ကိုရီးယားရောက်မြန်မာများ ကချင်စစ်ဘေးရှောင်များအတွက် အလှူခံပေးနေ

တောင်ကိုရီးယားနိူင်ငံ Ulsan အူဆန်မြို့မှာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် အလှူခံပေးနေကြပါတယ်။ အူဆန်မြို့က နိုင်ငံခြားအလုပ်သမားကူညီရေးစင်တာမှ ကိုရီးယားတွေ၊ အူဆန်တက္ကသိုလ်က ကျောင်းသားတွေ၊ ပြည်ပရောက်မြန်မာစုပေါင်းပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသလို စစ်ဘေးရှောင်တွေအတွက်ပါ အလှူခံပေးနေတာလို့ ပါဝင်သူ ၁ ဦးက ပြောပါတယ်။ အလှူခံလို့ ရရှိလာတဲ့ ငွေတွေကိုတော့  ပဲခူးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ၊ စစ်ဘေးရှောင်နဲ့ နေရာအနှံ့ လှူဒါန်းတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။


Latest News
Hashtags:   

တောင်ကိုရီးယားရောက်မြန်မာများ

 | 

ကချင်စစ်ဘေးရှောင်များအတွက်

 | 

အလှူခံပေးနေ

 | 

Sources