Tuesday 11 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 23 days ago

မြစ်ဆုံစီမံကိန်း ခြွင်းချက်မရှိကန့်ကွက်ဟု NUG အစိုးရ ပြည်ထောင်စုဝန်ကြီးပြော

တရုတ်အကျိုးစီးပွားဘယ်လိုပဲရှိရှိ မြစ်ဆုံရေကာတာစီမံကိန်းဟာ ဘယ်တော့မှ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောကြားလိုက်ပါတယ်။ “မြစ်ဆုံကိစ္စကတော့ ပြီးခဲ့တဲ့အစိုးရအဆက်ဆက် ကန့်ကွက်ခဲ့တဲ့အရာပဲလေ။ ဒါကတော့ ဘာမှပြောစရာမလိုဘူး။ ကျနော်တို့က ရှင်းရှင်းလင်းလင်းပဲကန့်ကွက်သွားမှာပါ။ မြစ်ဆုံကတော့ ဘယ်တော့မှလည်း ဖြစ်လာစရာအကြောင်းမရှိဘူး။ တရုတ်အကျိုးစီးပွားဘယ်လောက်ပဲရှိရှိ၊ သူတို့ရဲ့ စဉ်းစားချက်တွေဘယ်လိုပဲရှိရှိ၊ ခြွင်းချက်မရှိ ကျနော်တို့က ကန့်ကွက်သွားရမှာပဲ။ မြစ်ဆုံကိစ္စကတော့ ကျနော်တို့ ပြတ်ပါတယ်။” မြစ်ဆုံဟာ နိုင်ငံရဲ့ လုံခြုံရေးအတွက်လည်းအရေးပါသလို၊ နိုင်ငံနဲ့လူမျိုးရဲ့ အမှတ်သင်္ကေတဖြစ်ပြီး တိုင်းပြည် ဂုဏ်သိက္ခာအတွက်လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီအရာတွေကို အဆုံးရှုံးခံမှာမဟုတ်ဘူးလို့ NUG အစိုးရအဖွဲ့ဝင် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။


Latest News
Hashtags:   

မြစ်ဆုံစီမံကိန်း

 | 

ခြွင်းချက်မရှိကန့်ကွက်ဟု

 | 

အစိုးရ

 | 

ပြည်ထောင်စုဝန်ကြီးပြော

 | 

Sources