Tuesday 11 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 23 days ago

မိုးမောက်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စီဟက်ရွာအနားမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့  အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီ ၁၇ ရက်ည ၇ နာရီကျော်လောက်က  စတင်ပြီးတိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒေသခံရွာသားတစ်ဦးက မနေ့ညက ၇ နာရီကျော်လောက်ကနေ စပစ်ကြတာ၊ ၃ နာရီလောက်တော့ ကြာတယ်။ တာဝါတိုင်ကုန်းကနေ အောက်ကတပ်တွေဆီ လာပစ်တာထင်တယ်၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ အရင်ရက်တွေက လေယာဉ်တွေနဲ့ လာပစ်တာ။ ဒီညကတော့ လေယာဉ်မပါဘူး၊ ရွာထဲက ၅ အိမ်လောက်လက်နက်ကြီးကျတယ်။ တပ်ထဲက အသိတွေက လာပြောတယ်။ ရွာထဲမှာ ဘယ်သူမှ မနေကြနဲ့တော့ တိုက်ပွဲကပိုဖြစ်နိုင်တယ်၊ လေ ယာဉ်တွေနဲ့လာဦးမှာ။၊ အမြန်ရွှေ့ကြတော့လို့ ပြောတာကြောင့် ရွာနဲ့နည်းနည်းဝေးတဲ့နေရာတွေမှာ နေနေရတယ်” လို့ ပြောပါတယ်။ စီဟက်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ရှမ်းလူမျိုးများအများစု [ ]


Latest News
Hashtags:   

မိုးမောက်မြို့နယ်၌

 | 

အကြမ်းဖက်စစ်ကောင်စီတပ်နှင့်

 | 

ကေအိုင်အေ

 | 

တိုက်ပွဲပြင်းထန်

 | 

Sources