Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 17 days ago

ဂျပန်သတင်းထောက် ယူကီခိတဇုမိ ကို ထပ်မံဖမ်းဆီးထားကြောင်း စစ်တပ်မီဒီယာကြေညာ

ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရန်ကုန် ပုဇွန်တောင်မြို့နယ်မှာ မနေ့က ဖမ်းဆီးရမိတဲ့ အကြောင်း အာဏာသိမ်း စစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၉ ရက် ဒီကနေ့ည ၈ နာရီသတင်းမှာ အတည်ပြု ကြေညာပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ အရေးယူထားတဲ့ အလွတ်တန်းသတင်းထောက် ဂျပန်နိုင်ငံသား မစ္စတာ ယူကီခိတဇုမိကို  ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ရေကျော်လမ်း၊ အမှတ်(၄၉)၊ (၄)လွှာရှိ နေအိမ်မှာဖမ်းဆီးရမိတာလို့ သတင်းမှာကြေညာသွားပါတယ်။ ဒါဟာ ရန်ကုန်မှာ မီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို အာဏာသိမ်းစစ်ကောင်စီက ဒုတိယအကြိမ်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရန်ကုန် မြေနီကုန်းမှာ စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့ သတင်းထောက် ယူကီခိတဇုမိကို [ ]


Latest News
Hashtags:   

ဂျပန်သတင်းထောက်

 | 

ယူကီခိတဇုမိ

 | 

ထပ်မံဖမ်းဆီးထားကြောင်း

 | 

စစ်တပ်မီဒီယာကြေညာ

 | 

Sources