Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 17 days ago

တအာင်းပလောင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူးနှင့် လီဆူသူဌေးတို့ ပြန်လွတ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ တအာင်းပလောင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးနဲ့ လီဆူတိုင်းရင်းသား သူဌေး တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာပါတယ်။ ဧပြီ ၁၉ ရက်နေ့ ည ၇ နာရီလောက်က ပြန်လွတ်လာတာဖြစ်ပြီး ဖမ်းဆီးခံထားရစဉ် ရိုက်နှက်ထားတာမျိုးမဘဲ သံသယရှိတာကြောင့် ဖမ်းဆီးတာဖြစ်ပြီး ဖုန်းနဲ့ laptop ကွန်ပြူတာကို ပြန်ပေးခဲ့တယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။ မိုးကုတ်မြို့မှာ ရပ်ကွက်အလိုက် ပြည်သူတွေ တားဆီးထားတဲ့လမ်းတွေကို စစ်အုပ်စုက ဧပြီ ၁၉ ရက်နေ့ကစပြီး ဘူဒိုဇာ မြေတူးစက်နဲ့ ထိုးပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။


Latest News
Hashtags:   

တအာင်းပလောင်

 | 

စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူးနှင့်

 | 

လီဆူသူဌေးတို့

 | 

ပြန်လွတ်

 | 

Sources