Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 17 days ago

ရွှေဘိုမြို့၌ တက္ကသိုလ်ကျောင်းသူ ၁ ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ   ဧပြီ ၂၀ ရက်  မနက်ပိုင်းက တက္ကသိုလ်ကျောင်းသူ  မဖြူဖြူသင့်ကို အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က  ဖမ်းဆီးသွားပါတယ်။ မဖြူဖြူသင့်ဟာ ဒီကနေ့မနက် ဆန္ဒပြပွဲက အပြန် ဆိုင်တစ်ဆိုင်မှာ မုန့်ဝင်စားနေစဉ် အကြမ်းဖက်သမားတွေက ဆိုင်းအတွင်းဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သူနဲ့ နီးစပ်တဲ့ ရွှေဘိုမြို့ခံ တဦးကပြောပါတယ်။ “ သူက ဆန္ဒပြပွဲအပြန်မှာ မုန့်ဝင်စားတာပါ၊ မုန့်ဝင်စားတဲ့အချိန် မဖြူဖြူသင့်ကို အကြမ်းဖက် စစ်သားနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်”။ မဖြူဖြူသင့်ဟာ ရွှေဘိုတက္ကသိုလ် မြန်မာစာ တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး လက်ရှိ သူ့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။


Latest News
Hashtags:   

ရွှေဘိုမြို့၌

 | 

တက္ကသိုလ်ကျောင်းသူ

 | 

ဦးကို

 | 

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က

 | 

ဖမ်းဆီးသွား

 | 

Sources