Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 17 days ago

မိုးကုတ်မြို့၌ CDM ကျန်းမာရေးဝန်ထမ်း ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်း အကြီးတန်းစာရေး မနွယ်နီဦးကို   အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းဆေးရုံက CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ် မနွယ်နီဦးကို ဧပြီ ၂၀ ရက် ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ ရဲမေတွေ အပါအဝင် ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မိုးကုတ်မြို့မှာ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း တပ်စွဲထားပါတယ်။


Latest News
Hashtags:   

မိုးကုတ်မြို့၌

 | 

ကျန်းမာရေးဝန်ထမ်း

 | 

ဦးကို

 | 

အကြမ်းဖက်စစ်အုပ်စုက

 | 

ဖမ်းဆီး

 | 

Sources