Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 17 days ago

ဘာကြောင့် စစ်ကောင်စီကို တရုတ်က ရပ်ခံကာကွယ်နေတာလဲ (ဆောင်းပါး)

ဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ အာဏာသိမ်းမှုကို အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူ  ၇၃၀ ကျော် လောက် အာဏာသိမ်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ၃၀၀၀ ကျော်ဖမ်းဆီးထောင်ချခံနေရပါတယ်။ ဒီလိုအာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ရိုင်းပြစွာ ဖိနှိပ်သတ်ဖြတ်နေမှုကို ကမ္ဘာကြီးက ဝိုင်းဝန်းကန့်ကွက်နေကြပေမယ့် တားဆီးပိတ်ပင်နိုင်စွမ်း မရှိခဲ့ကြပါဘူး။ ဒီလိုဆိုးဝါးလှတဲ့ မြန်မာနိုင်ငံမှာ တရားမဲ့သတ်ဖြတ်ဖမ်းဆီးမှုပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၃ ကြိမ်တိုင် တံခါးပိတ်ဆွေးနွေးခဲ့ပေမယ့် ထိရောက်စွာ တားဆီးနိုင်တဲ့ဆုံးဖြတ်ချက် တစုံတရာ မချမှတ်နိုင်ခဲ့ကြပါဘူး။ အဓိကအားဖြင့် ဗီတိုအာဏာသုံးစွဲကန့်ကွက်နိုင်တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ ပယ်ချနေမှုကြောင့်ဖြစ်ပါတယ်။ တပြည်လုံးကို အင်အားသုံးပြီး တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပစ်လိုက်တဲ့ အနေအထားကို တရုတ်ရဲ့ကန့်ကွက်မှုကြောင့် [ ]


Latest News
Hashtags:   

ဘာကြောင့်

 | 

စစ်ကောင်စီကို

 | 

တရုတ်က

 | 

ရပ်ခံကာကွယ်နေတာလဲ

 | 

ဆောင်းပါး

 | 

Sources