Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 23 days ago

အရေးတော်ပုံအောင်မြင်ပြီးသည့်အခါ (ဆောင်းပါး)

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ပြီးတဲ့အခါ တဆက်တည်းသုတ်သင်ရမယ့်ကိစ္စတွေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာစိုးလို့ စာနဲ့ပေနဲ့ရေးမှတ်ထားလိုက်တယ်။ အရင်ဆုံးရှင်းရမယ့်သူတွေက ဒလန်တွေဖြစ်တယ်။ ရန်ကုန် ပုဇွန်တောင် ရေကျော်မှာ ဒလန်က သတင်းပေးလို့ ရေကျော်ဝတ်ကျောင်းလမ်းက လူငယ် ၃၀ လောက် အဖမ်းခံထားရတယ်။ ရေကျော်လမ်းထဲက တက်ကြွတဲ့ လူငယ်တဦးနေထိုင်တဲ့ တိုက်ခန်းကိုလည်း ရဲက အငြိုးတကြီး ပစ်ခတ်နှိမ်နင်းခဲ့တယ်။ ရန်ကုန်မှာ ဒလန်သတင်းပေးလို့ ရဲက ဘယ်တိုက်ဘယ်အခန်းဆိုတာကို တိတိကျကျဝင်ဖမ်းခဲ့တဲ့အဖြစ်တွေအားလုံးဟာ ဒလန်တွေ သတင်းပေးလို့ ဖြစ်ပွားခဲ့တာချည်းပဲ။ အလားတူ သတင်းပေးဒလန်များ အမြို့မြို့အနယ်နယ်တိုင်းမှာ ရှိနေနိုင်တယ်။ စာရင်းတို့ထားပါ။ အရေးတော်ပုံကြီးအောင်မြင်ပြီးတဲ့အခါ ဒလန် တွေကို လူမှုရေးပြစ်ဒဏ်ခတ်ရပါမယ်။ လိုအပ်ရင် ရပ်ကွက်ထဲက မောင်းထုတ်တဲ့အထိ လူမှုရေးပြစ်ဒဏ် ပေးရပါမယ်။ မေ့ပျောက်မထားနဲ့။ စာရင်းတို့ထားပါ။ နောက် လူတန်းစားတမျိုးက စစ်တပ်ထဲ သင်္ကြန်ကျခဲ့တဲ့ အနုပညာရှင်ဆိုသူတွေဖြစ်တယ်။ မြန်မာပြည်သူတရပ်လုံး အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် [ ]


Latest News
Hashtags:   

အရေးတော်ပုံအောင်မြင်ပြီးသည့်အခါ

 | 

ဆောင်းပါး

 | 

Sources