Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 23 days ago

RCSS/SSA လွိုင်တိုင်းလျန်းဌာနချုပ်အနီးသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ RCSS/SSA ရှမ်းပြည်တပ်မတော် ဒေသ ၁ လွိုင်ကော်ဝမ်းတပ်အနီးကို ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အမြာက်တပ်က လက်နက်ကြီးနဲ့ ၂ ရက်ဆက်တိုက်ပစ်ခတ်ခဲ့အပြီး ဒီကနေ့မနက်မှာလည်း မိုင်းပန်မြို့နယ်ဘက်က RCSS/SSA လွိုင်တိုင်းလျန်းဌာနချုပ်အနီးကို လက်နက်ကြီးတွေ ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။ ဒီမနက် ၈ နာရီကျော်လောက်က ဌာနချုပ်အနောက်မြောက်ဘက်မှာရှိတဲ့ ချိုင့်ဝှမ်းထဲကို ၈၁ မမ အမျိုးအစား မော်တာကျည် ၃ လုံးကျရောက်လာသလို တချိန်တည်းလိုမှာပဲ အဆိုပါနေရာနဲ့ ၁ ကီလိုမီတာကျော်လောက်မှာ စက်သေနတ်နဲ့ပစ်သံ ကြားရတယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဌာနချုပ်ရဲ့ အနောက်အရပ်မှာရှိတဲ့ မြန်မာစစ်စခန်းက ပစ်လိုက်တာပါ။ ၃ ခါပစ်တယ် ၊ တစ်ကြိမ်နဲ့တစ်ကြိမ် မိနစ်ပိုင်းပဲခြားတယ်။ လက်နက်ကျည်က တောထဲက ချိုင့်ဝှမ်းထဲကျတာ [ ]


Latest News
Hashtags:   

လွိုင်တိုင်းလျန်းဌာနချုပ်အနီးသို့

 | 

စစ်ကောင်စီတပ်က

 | 

လက်နက်ကြီးဖြင့်ပစ်ခတ်

 | 

Sources